Windows 7 အရင်တင်ပြီးမှ Ubuntu ကိုတင်ရင် GRUB (GRand Unified Bootloader) က Windows Boot Entry ကိုသိပေမယ့် Ubuntu အရင်တင်ပြီးမှ Windows 7 ကို တင်ရင် Windows Bootloader က GRUB ကို Overwrite လုပ်သွားပါတယ်။ အဲ့တာကြောင့် စက်ကို reboot ပြန်လုပ်တဲ့အခါ WIndows 7 ကိုတန်းတက်သွားတာပါ။ အခု GRUB ကိုပြန်ရအောင် လုပ်တဲ့နည်းလမ်းလေးပါ။
Ubuntu အခွေကို Boot တက်ပြီး Try Ubuntu ကိုနှိပ်ပါ။
Ubuntu အခွေကို Boot တက်ပြီး Try Ubuntu ကိုနှိပ်ပါ။
Terminal ကိုဖွင့်ပြီး sudo gparted လို့ရိုက်လိုက်ပါ။ GParted Partition Manager ကျလာပါလိမ့်မယ်။ Ubuntu ကို install လုပ်ထားတဲ့ Partition ကိုကြည့်ပါ။ ကျွန်တော့်ဆီမှာတော့ /dev/sda1 ပါ။ /dev/sda1 က Ubuntu ရဲ့ / Partition ပါ။ အခု /dev/sda1 ကို mount လုပ်မယ်။ (ကျွန်တော် Ubuntu ကို install လုပ်တုန်းက ပထမ Hard Disk ရဲ့ ပထမ Partition မှာတင်လိုက်တာပါ။ အဲ့တာကြောင့် /dev/sda1 ဖြစ်နေတာပါ။ ကိုယ် Ubuntu ကို install လုပ်ခဲ့တဲ့ Partition နဲ့ Hard Disk ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ပထမ Hard Disk ရဲ့ တတိယ Partition မှာတင်ရင် /dev/sda3 ပေါ့)
ကဲစမယ်နော်။
အရင်ဆုံး / အောက်မှာ /dev/sda1 ကို mount ဖို့ directory တစ်ခုဆောက်မယ်။
$ sudo mkdir /u (directory name ကိုယ်ကြိုက်တာပေးပါ။)
ပြီးရင် / Partition ကို /u အောက် mount မယ်။
$ sudo mount /dev/sda1 /u
Directory change မယ်။
$ cd /u
ပြီးရင် GRUB ကို install လုပ်မယ်။
$ sudo grub-install --boot-directory=/u/boot /dev/sda
Installation finished. No error reported ဆိုရင် grub install လုပ်တာအောင်မြင်ပါတယ်။ OS ကို Restart ချလိုက်ပါ။
ပြီးရင် Windows Boot Entry ကိုထည့်ဖို့အတွက် GRUB Bootloader မှာ Advanced options for Ubuntu ကိုရွေးပါ။ ပြီးရင် Ubuntu, with Linux [your_kernel_version] (recovery mode) ကိုရွေးပါ။ Recovery Menu မှာ grub ကိုရွေးပါ။ Yes နှိပ်ပါ။ Grub ကို update လုပ်တာပြီးသွားရင် resume ကိုရွေးပါ။ Ubuntu ကိုတန်းတက်သွားပါလိမ့်မယ်။ Restart လုပ်လိုက်ပါ။ GRUB Bootloader မှာ Windows Boot Entry ကိုတွေ့ပါလိမ့်မယ်။ Good Luck