Ubuntu မှာ Brightness ကို Function Key (Fn) နဲ့ ချိန်လို့ရပါတယ်။ ဒါပေမယ့် OS ကို reboot/shutdown လုပ်လိုက်ရင် ကိုယ်အစက ချိန်ထားတဲ့ value အတိုင်းမရှိတော့ပါဘူး။ OS ပြန်တက်လာတော့ Maximum value က 100 ဆိုတော့ မျက်စိစူးတာပေါ့။ ဒီတော့ ကျွန်တော်တို့စိတ်ကြို့က်တန်ဖိုးတွေထားလို့ရတယ်။ Brightness value ကြည့်ဖို့ /sys/class/backlight/ ကို cd cmd နဲ့ dir change လိုက်ပါ။ backlight dir အောက်မှာ sub dir 2 ခု acpi_video0 နဲ့ intel_backlight ရှိပါတယ်။ acpi_video0 ကို cd နဲ့ dir change လိုက်ပါ။
cat cmd နဲ့ max_brightness ကို ကြည့်လိုက်ပါ။ value က 100 ပါ။ Brightness ကို Fn key နဲ့ ကိုယ်ကြိုက်သလောက်ထားပြီးတော့ cat cmd နဲ့ brightness ကိုကြည့်ပါ။ ပေါ်လာတဲ့ value က ကိုယ်ချိန်လိုက်တဲ့ value ပါ။ ကျွန်တော်ရဲ့ brightness က 38 ပါ။ value ကိုမှတ်ထားပါ။ နောက်ပြီး /etc/rc.local ကို ကြိုက်တဲ့ word editor နဲ့ပြင်ပါ။ root access လိုပါသည်။ sudo nano /etc/rc.local ပြီးရင် exit 0 စာကြောင်းအပေါ်မှာ echo ** > /sys/class/backlight/acpi_video0/brightness (asterisk နေရာမှာ မိမိမှတ်ထားသည့် value ထည့်ပါ။) OS ကို reboot/shutdown လုပ်လိုက်ပါ။ OS ပြန်တက်လာရင် brightness က maximum မဟုတ်တော့ပါဘူး။ (ပုံမှာ cat နဲ့ brightness ကိုကြည့်တာ 39 ဖြစ်နေပါတယ်။ အမှန် 38 ပါ။ လက်ဆော့လိုက်တာ)