ဒီမေးခွန်းက တော်တော်မေးလေ့မေးထရှိတဲ့မေးခွန်းဖြစ်ပါတယ်။ Ubuntu ကို Windows နဲ့ Dual boot လုပ်မယ်ဆိုပြီး Ubuntu ကို သွင်းလိုက်တာ Dual boot မဖြစ်ပဲ Partition တစ်ခုလုံး Ubuntu ကြီးဖြစ်သွားတာမျိုးတို့ပေါ့။ ကျွန်တော်လည်းဖြစ်ခဲ့ဖူးပါတယ်။ အဲ့လိုမျိုးတွေမဖြစ်ရအောင် ကျွန်ေတာ်သိသလောက်မှတ်သလောက်လေး ပြန်လည်မျှဝေချင်ပါတယ်။
Windows 7 ကိုတင်တဲ့အခါ Windows System Partition အတွက် size ကိုလိုသလောက်ယူပြီး ကျန်တာကို Unallocated space အနေနဲ့ထားခဲ့ပါ။ Windows 7 တင်ပြီးနောက် Dual boot လုပ်မည့် Ubuntu အခွေကိုထည့်ပြီး Boot လုပ်လိုက်ပါ။

Step 1 - Install Ubuntu ကိုနှိပ်ပါ။
Step 2 က အနည်းဆုံး free space ဘယ်လောက်ရှိရမယ်, Laptop ကို AC နဲ့ connect လုပ်ထားမလုပ်ထား, internet ချိတ်ထားမချိတ်ထား, installation မလုပ်ခင် internet ချိတ်ထားရင်လည်း Download updates while installing ဆိုတာကို check လုပ်ခဲ့လို့ရပါတယ်။ မလုပ်ချင်လဲ နောက်မှ Update လုပ်ပေါ့။
Step 3 - Installation type ပါ။ အဲ့မှာ Options 3 ခုရှိပါတယ်။
(1) Ubuntu နဲ့ Windows Dual-boot လုပ်မယ်ဆိုရင် "Install Ubuntu alongside Windows 7" ကိုရွေးပါ။
(2) Dual boot မလုပ်ပဲ Ubuntu ပဲတင်သုံးချင်တယ်ဆိုရင် "Replace Windows 7 with Ubuntu" ကိုရွေးပါ။
(3) ဒါမှမဟုတ် ကိုယ်စိတ်ကြိုက် Partition တွေ shrink လုပ်မယ်, Mount Point ၁ ခုထက်မကထားချင်တယ်, ဘယ် file system နဲ့အသုံးပြုမယ် (ext 4, ext 3, ext 2, ...) စသဖြင့်ပေါ့........ အဲ့တာဆိုရင် "Something else" ကိုရွေးပါ။
{OS မတင်ခင် သိထားရမယ့်အချက်လေးတွေအရင်ပြောချင်ပါတယ်။ MBR Partition Scheme မှာဆို Primary Partition အများဆုံး ၄ခုပဲရပါတယ်။ GPT Partition Scheme မှာဆို Primary Partition ၄ခုထက်ရပါတယ်။ Ubuntu installation ကို install alongside နဲ့သွားတယ်ဆိုရင် Ubuntu Partition Manager က / နဲ့ swap ကို Logical Partition ပေါ်မှာတင်သွားတာဗျ။ Logical Partition တွေက Extended Partition အောက်မှာ ရှိပါတယ်။ ဒါကြောင့် Ubuntu ကို Primary (or) Logical နဲ့သွားမလားဆိုတာစဉ်းစားရပါတော့မယ်။ ဒါဟာ MBR Partition Scheme အတွက်ပြောနေတာဖြစ်ပါတယ်။ GPT ဆိုရင်တော့ Primary Partition က ၄ခုထက်ပိုင်းလို့ရတော့ သိပ်မရှုပ်ပါဘူး။ Windows ဘက်က System Reserved နဲ့ OS တင်ထားတဲ့ Partition ဟာ Primary Partition တွေဖြစ်ပါတယ်။ ဒါဆို နောက်ထပ် Primary Partition ၂ ခုပဲပေးလို့ရပါတော့တယ်။ Windows ဘက်မှာ Primary Partition ၃ခု ဖြစ်ရင်လည်းဖြစ်နိုင်တာပဲလေ။ Primary Partition create လုပ်လို့မရတော့ရင် Logical နဲ့သွားပေါ့။ ဒါမှမဟုတ် Ubuntu System Partition ကို Primary နဲ့သွားပြီး ကျန်တဲ့ swap နဲ့ /home ကို Logical နဲ့သွားပေါ့။}
Something else ကိုရွေးပြီး Continue လုပ်ပါ။ free space ကို select လုပ်ပြီး + ကိုနှိပ်ပါ။
Installation type step 1
- ပထမဆုံး Ubuntu System partition အတွက် size ကိုလိုသလောက်ပေးပါ။
- Type for the new partition တွင် Primary (or) Logical ကို select လုပ်ပါ။
- Location for the new partition မှာ Beginning of this space ကိုရွေးပါ။
- Use as မှာ Ext 4 journaling file system ကိုရွေးပါ။
- Mount Point မှာ / ကိုရွေးပြီးရင် OK နှိပ်ပါ။
Installation type step 2
Windows မှာလိုမျိုး Data သိမ်းဖို့ Partition သီးသန့် create ချင်ရင်တော့ ကျန်ရှိနေတဲ့ free space ကို select လုပ် + ကိုနှိပ်ပြီး Mount Point နေရာမှာ /home ကိုရွေးပေးပါ။ ကျန်တဲ့ options တွေက အပေါ်ကလုပ်ဆောင်ခဲ့တဲ့အဆင့်နဲ့အတူတူပါပဲ။ User Application တစ်ခုချင်းစီရဲ့ Settings တွေဟာ /home အောက်မှာသိမ်းထားတာပါ။ /home အတွက် partition သီးသန့်ဆောက်ပေးချင်းအားဖြင့် OS ကို re-install ပြန်လုပ်မယ်တို့ဆိုရင် Personal Data တွေ User Application Settings တွေ ကို backup လုပ်စရာမလိုတော့ပါဘူး။
Installation type step 3
swap partition ကိုထားပေးပါ။ တစ်ချို့သော Linux Distro တွေက swap ပမာဏမလောက်ငှရင် hibernate (or) standby လုပ်လို့မရတာတွေရှိပါတယ်။ swap သည် RAM ရဲ့ ၂ ဆပါ။ Physical Memory က 2 GB ရှိတယ်ဆို swap က 4 GB ပါ။ တစ်ချို့ကျတော့လဲ Physical Memory 2 GB ဆို swap ကိုလဲ 2 GB ပဲပေးပါတယ်။
ဒါဆိုရင် Partition ပိုင်းတဲ့အဆင့်ပြီးပါပြီ။ (အကယ်လို့ ကိုယ် Partition ပိုင်းထားတာ မသေချာဘူးလို့ထင်နေရင် Revert (or) Back ကိုနှိပ်ပါ။)
နောက်လာမယ့်အဆင့်တွေက အရမ်းရိုးရှင်းလို့မပြောတော့ပါဘူး။
/home အောက်က data တွေမပျက်အောင် Ubuntu OS ကိုဘယ်လို re-install လုပ်မလဲ?
Installation type အထိသွားလိုက်ပါ။ Ubuntu OS တင်ထားတဲ့ Partition ပေါ်ကို Double click လုပ်လိုက်ပါ။ Edit Partition window ကျလာပါလိမ့်မယ်။ Use as မှာ Ext 4 ကိုရွေးပါ။ Format the partition ကို check လုပ်ပါ။ Mount point မှာ / ကိုရွေးပါ။ ပြီးရင် OK နှိပ်ပါ။ နောက် /home partition ပေါ် Double click လုပ်လိုက်ပါ။ Edit Partition window ကျလာပါလိမ့်မယ်။ Use as မှာ Ext 4 ကိုရွေးပါ။ Format the partition ကို check မလုပ်ပါနဲ့။ Mount point မှာ /home ကိုရွေးပါ။ ပြီးရင် OK နှိပ်ပါ။
(သတိထားရမဲ့အချက်က OS ကို re-install ပြန်လုပ်တဲ့အခါ Username တူရပါမယ်။ Username မတူရင် /home အောက်က data တွေပျောက်နေပါလိမ့်မယ်။ ပျက်သွားတာမဟုတ်ပါဘူး။)