Platform မတူညီသော OS နှစ်ခုဖြစ်တဲ့ Windows နှင့် Ubuntu တို့ File Sharing လုပ်နည်းပါ။ OS နှစ်ခုလုံး Samba Service ကိုအသုံးပြုမှာပါ။ အရင်ဆုံး File Sharing လုပ်ချင်တဲ့ OS နှစ်ခုတော့ Network မိထားရမယ်နော်။ Ubuntu အတွက် Samba Service သွင်းရပါမယ်။
ကဲစလိုက်ကျရအောင်......
ကဲစလိုက်ကျရအောင်......
Terminal အသစ်ဖွင့်လိုက်ပါ။ (Shortcut = Ctrl+Alt+T)
$ sudo apt-get install samba
အပေါ် command က Samba File Server ကို Install လုပ်တာပါ။
Samba Service ကိုအသုံးပြုပြီး File Share နည်းတွေအများကြီးရှိပါတယ်။ အဲ့တာတွေထဲမှာမှ အရိုးရှင်းဆုံးနည်းကိုပြောပါမယ်။
ပထမနည်းလမ်းက Nautilus File Manager ကိုအသုံးပြုပြီး Share မှာပါ။ Share ချင်တဲ့ File/Folder ပေါ် R-click နဲ့ Local Network Share ကိုရွေးပါ။ Folder Sharing Window ကျလာပါမယ်။ Share this folder နဲ့ Allow others to create and delete files in this folder ကို tick လုပ်လိုက်ပါ။ ဒါဆိုရင် Ubuntu မှာ File Sharing လုပ်ပြီးပါပြီ။ Ubuntu ဘက်က Share ထားတဲ့ file တွေကို Windows ဘက်ကကြည့်ချင်ရင် Ubuntu OS ရဲ့ IP ကို RUN BOX ထဲရိုက်ထည့်ပေးလိုက်ပါ။ ဥပမာ Ubuntu IP address က 192.168.1.100 ဆိုပါတော့။ အဲ့တာဆိုရင် RUN BOX မှာ \\192.168.1.100 ရိုက်ပြီး OK နှိပ်လိုက်ပါ။
ဒုတိယနည်းလမ်းက Samba Server Configuration ကိုအသုံးပြုပြီး Share မှာပါ။ အရင်ဆုံး software ကို install လုပ်ရပါမယ်။ Ubuntu Software Center ရဲ့ Search box မှာ Samba လို့ရှာလိုက်ပါ။ Terminal က install လုပ်ချင်ရင် "sudo apt-get install system-config-samba" (without the quotation marks). အခု install လုပ်လိုက်တာ Samba Server Configuration GUI Application ပါ။ CLI ကနေ configuration ဖိုင် (/etc/samba/smb.conf) ကိုဝင်ပြင်တာနဲ့ GUI မှာပြင်တာနဲ့အတူတူပါပဲ။ အခုတော့ GUI Configuration ပဲလုပ်ပြပါမယ်။ File စ share ပါမယ်။ File Menu ကနေ Add Share ကိုရွေးလိုက်ပါ။ Basic Tab မှာ Options 5 ခုရှိပါတယ်။ 1st opt ကမိမိ Share ချင်တဲ့ Directory ကို ရွေးခိုင်းတာပါ။ 2nd opt က Share Name ပါ။ Network မှာ shareမယ့်အခါပေါ်မယ့် Name ပါ။ 3rd opt ကတော့ optional ပါ။ 4rd and 5rd opt က မဖြစ်မနေ tick ပေးပါ။ Writable ဆိုတာ မိမိ share ထားတဲ့ File/Folder တွေကို write access ပေးတာပါ။ Writable ကို tick မလုပ်ခဲ့ဘူးဆိုရင် Permission Denied (or) Access Denied လို့ error တက်ပါလိမ့်မယ်။ Visible ကို tick မလုပ်ခဲ့ရင် Network မှာ ကိုယ် share ထားတဲ့ File/Folder ကိုတွေ့လိမ့်မယ်မဟုတ်ပါ။ Access Tab ကိုသွားရအောင်။ Options 2 ခုရှိတယ်။ 1) Only allow access to specific users, 2) Allow access to everyone. Only allow access to specific users - ကိုယ့် File/Folder တွေကို access လုပ်စေချင်တဲ့ User တွေကို အောက်က box မှာ List လုပ်ထားတယ်။ Access မလုပ်စေချင်တဲ့ User ဆို အဲ့ username ရှေ့က box ကို tick ဖြုတ်လိုက်ပါ။ Allow access to everyone ကတော့ အကုန် အလောင်းပါ အဲလေမှားလို့ user အားလုံးကို access လုပ်ခွင့်ပေးလိုက်တာပါ။ ကျွန်တော်က Workgroup Share တာဆိုတော့ Allow access to everyone ကို ရွေးပြီး OK နှိပ်လိုက်ပါတယ်။ Samba Server Settings ပြင်ချင်ရင်တော့ Preference Menu အောက်မှာရှိပါတယ်။
(TIP
- ဟာဗျာကျွန်တော် Ubuntu ဘက်မှာ Folder တွေကို Read/Write ဖြစ်အောင် Configuration မှာ Writable ပေးထားတယ်။ ဒါပေမယ့် Windows ဘက်ကနေ File တွေ Copy/Cut လုပ်လို့မရဘူး။ Music တွေ၊ Video တွေ ကြည့်ရင်လည်း permission denied တဲ့။ ဘယ်လိုဖြစ်တာလဲ။ အဲ့တာဆိုရင် File/Folder/Sub-Folders တွေရဲ့ Permission တွေကိုတစ်ချက်ပြန်စစ်ပါ။ ဘယ်လိုစစ်ရမလဲဆိုရင် စစ်ချင်တဲ့ File/Folder ပေါ် R-click နဲ့ Properties ရွေးပါ။ Permissions Tab ထဲမှာ ကိုယ်အဆင်ပြေသလိုထားပါ။ တစ်ခါတစ်ရံဖြစ်တတ်လို့ပါ။
- အရေးကြီးဆုံးအချက်ပါ။ GUI (or) CLI နဲ့ configure လုပ်ပြီးရင် service ကို restart လုပ်ပေးပါ။ "sudo service smbd restart")
Windows ဘက်က File/Folder တွေ Share ချင်ရင်တော့ Control Panel ထဲက Network and Sharing Center ထဲက Change advanced sharing settings ကိုသွားပါ။ Profile 2 ခုရှိပါတယ်။ "Home or Work" and "Public". အဲ့တာကမိမိ Network ကို Connect လုပ်တုန်းက ရွေးခဲ့တဲ့ Profile အပေါ်မူတည်ပါတယ်။ Public Profile ကိုရွေးခဲ့တယ်ဆိုရင် Public အောက်က Settings တွေပဲပြင်ရမှာပါ။ Home or Work အောက်က Settings တွေပြင်စရာမလိုပါဘူး။ Profile ပြန်ပြောင်းချင်ရင် အရင်ဆုံး Network ချိတ်လိုက်ပါ။ ပြီးရင် Control Panel ထဲက Network and Sharing Center ထဲက View your active networks Tab ထဲမှာ Connect လုပ်ထားတဲ့ Network Name အောက်မှာရှိတဲ့ Link ကိုနှိပ်ပါ။ (Link နေရာသည် မိမိအရင်ကထားခဲ့သော Profile ပါ။ Home network (or) Work network (or) Public Network ၃ခုထဲက ၁ ခုဖြစ်နိုင်ပါသည်။) Set Network Location Window မှာ ကြိုက်တဲ့ Profile ပြန်ထားလို့ရပါတယ်။ ကဲ Options တွေကိုလိုက်ပြင်မယ်။ စမယ်နော်။ Turn on network discovery ကို tick ပေးပါ။ printer ရှိလို့ share မယ်ဆိုရင် Turn on file and printer sharing ကို tick လုပ်ပါ။ Turn off password protected sharing ကို tick လုပ်ပါ။ On မယ်ဆိုလည်းရပါတယ်။ Security ကောင်းတာပေါ့နော်။ ကျန်တာတွေကိုတော့ Default အတိုင်းထားခဲ့ပါ။ ပြီးရင် Save changes လုပ်လိုက်ပါ။
Windows ဘက်က Share ထားတာတွေကို Ubuntu မှာကြည့်ချင်ရင် Unity Dash မှာ \\windowsip ရိုက်လိုက်ပါ။ နောက်တစ်နည်းက Nautilus File Manager က Connect to Server အသုံးပြုပြီးကြည့်တာပါ။ File Manager ကိုဖွင့်လိုက်ပါ။ ပြီးရင် Connect to Server ကိုနှိပ်လိုက်ပါ (Navigation bar ရဲ့ Network Tab အောက်မှာရှိပါတယ်)။ Server Address နေရာမှာ မိမိ Connect လုပ်ချင်တဲ့ Server IP (e.g. smb://windowsip) ကို ဖြည့်ပြီး Connect လုပ်လိုက်ပါ။